MNP ၊ မတ် ၁၇
ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးစိန်ဝင်းမှ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်စတင်တည်ထောင်ခဲ့ပုံ သမိုင်းကြောင်းများအား ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲ၊ Talk Show စသည့်ပြည်သူအခြေပြုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ နောက်လများတွင်လည်း အလားတူ ဆွေးနွေးပွဲများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment