ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၈၇၃)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၈၇၃)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို





MNP ၊ မတ်  ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၈)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့)အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသားကျောင်းသူ(၁၈၇၃)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


ကျောက်ဖြူခရိုင်၌ စာစစ်ဌာနပေါင်း(၇)ခုရှိသည့်အနက် ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၄)ခု တွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၃၆၈)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၁၁၈)ဦးရှိကာ ပျက်ကွက်(၁၈၉)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၈၆.၁၈)ရာခိုင်နှုန်းရှိကြောင်း၊  ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၈၀၆)ဦးရှိပြီး ဖြေဆိုသည့် ကျောင်း သား၊ကျောင်းသူ (၆၉၄)ဦးရှိကာ ပျက်ကွက် (၁၁၂)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၈၆.၁၀) ရာခိုင်နှုန်းရှိကြောင်း   ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


        အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆို နိုင်ရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

   

  တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)