အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်



MNP ၊ မတ်  ၉

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့အကြောင်း သိကောင်းစရာTalk Show ကို ယနေ့ နေ့လယ်ပိုင်းက အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြား ရေးနှင်ပြည်သူ့ဆက် ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ ဖြစ် ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအား ဂုဏ်ပြုရေးနှင့် အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအခြေအနေ၊ အကြမ်းဖက်ခံရမှု အမျိုးအစား၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများအတွက် ဉပဒေနှင့် အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု အကြောင်းအရာ အသေးစိတ်ကို ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ(Talk Show)ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသည့် We Love ANN Facebook Page တွင် လွှင့်တင်ပေးမည်ဖြစ်

ပြီး မည်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment