ပင်လောင်းမြို့နယ်၊ နန့်နိမ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တိမ်းရှောင်လာရသည့် ပအိုဝ်းတိုင်းရင်းသား ဒေသခံရွာသား (၃၀၀၀)ကျော်ကို နောင်တရားမြို့တွင် ကူညီစောင့်ရှောက်ပေးထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်၊ နန့်နိမ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တိမ်းရှောင်လာရသည့် ပအိုဝ်းတိုင်းရင်းသား ဒေသခံရွာသား (၃၀၀၀)ကျော်ကို နောင်တရားမြို့တွင် ကူညီစောင့်ရှောက်ပေးထားကြောင်း သိရ


MNP ၊ မတ် ၁၇

KNDF/PDF အကြမ်းဖက်အဖွဲ့များ ဝင်ရောက်လာခြင်းကြောင့် ပင်လောင်းမြို့နယ်၊ နန်နိမ်ကျေးရွာနှင့် အနီးဝန်းကျင်ရွာ (၄)ရွာမှ ထွက်ခွါလာရသည့် ပအိုဝ်းဒေသခံရွာသား(၃၀၀၀)ကျော်ကို  နောင်တရားမြို့တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များ၏ ဘေးရန်ကြောင့် တိမ်းရှောင်လာကြသည့် ဒေသခံရွာသားများကို နောင်တရားမြို့တွင် စောင့်ရှောက်ထားသည့်အပေး ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့် နောင်တရားမြို့မှ လူမှုကူညီရေးအဖွဲ့ဝင် ဦးခွန်သန်းထွန်း (09250478879) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

KNDF/PDF အကြမ်းဖက်ဘေးကြောင့် တိမ်းရှောင်လာရသည့်အထဲတွင် ကိုယ်ဝန်ဆောင်သည် မိခင် ၂၈ ဦး ပါဝင်ပြီး ၃ဦး မွေးဖွားပြီးဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)