ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး



MNP ၊ မတ်  ၁၇

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် အတူ မြစ်ကြီနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ် လုပ်ရေးသမဝါယမအသင်း၌ ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် နှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် စက္ကူထုတ်စက်တပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းကုန်ကြမ်းများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်ဖက်ချောစက္ကူ ထုတ်လုပ်နိုင်ပါက ပြည်နယ်အတွင်း လိုအပ်ချက်ကြီးမား သည့် ကျောင်းသုံး/ရုံးသုံးစာအုပ်များကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


ထို့နောက် အဆိုပါ ရပ်ကွက်အတွင်း Seven Star ရောင်စုံသွပ်အမိုးပြားစက်ရုံ၌ အိမ်မိုးသွပ်ပြားများ ထုတ်လုပ်နေမှု အခြေအနေ၊ ဈေးကွက်ရရှိမှု၊ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် ရန်ပုံငွေလိုအပ်ချက်အပေါ် ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရမ်ပူရပ်ကွက်အတွင်းရှိ ဂျိမ်းဖော့သူ ရိုးရာကချင်ပုဆိုးနှင့် လုံချည်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပိုင်ရှင်ဦးထွန်းနိုင်၏ နေအိမ်၌ ရိုးရာအဝတ်အထည်များအား လက်ရက်ကန်း၊ စက်ရက်ကန်းများဖြင့် ရက်လုပ်နေမှု အခြေအနေများကို ရက်ကန်းရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ချည်မျှင်ကုန်ကြမ်းရရှိမှု အခြေအနေများ၊ စက်ရက်ကန်းဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေ များနှင့် ဈေးကွက်တင်ပို့နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး MSME လုပ်ငန်းရှင်များ အနေဖြင့် ဌာနဆိုင်ရာများကို ချိတ်ဆက်၍ နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက် များ ပံ့ပိုးကူညီပေးနိုင်သည့် အခြေအနေတို့အား ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)