ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း ဆောင်ရွက်ပေး




MNP    -     မတ်   ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို၊ ယနေ့နံနက်(၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို  ပုံမှန်အားဖြင့် မွေးစမှ  အသက်(၁)နှစ် အောက် ကလေးငယ်များအတွက် ထိုးနှံပေးခြင်းဖြစ်သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသော (၂) အောက်ကလေးငယ်များကိုပါ လိုအပ်သည့် ကာကွယ်ဆေးများကို တိုက်ကျွေး/ထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံ တာဝန်ရှိသူတစ်ဦးကပြောပါသည်။ ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျော (ရိုတာ)၊ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့်ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးဏှောက် အမြှေးရောင် အစရှိသည့် (၅)မျိုးစပ်ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး/သောက်ဆေး (အစက်ချ)တို့ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ်လဆန်းရက်များဖြစ်သည် လဆန်း(၁) ရက်နှင့်(၂)ရက်နေ့များတွင်လည်းကောင်း၊ လလယ်ရက်များဖြစ်သည့် (၁၅) ရက်၊ (၁၆)ရက် နေ့များတွင်လည်းကောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ဆေးရုံဝန်းအတွင်း ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိပြီး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ကလေးမိခင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများပါ တစ်ပါတည်း ထိုးနှံပေးလျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။


နေအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)