သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP   -   မတ်  ၁

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်၊  သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများအား  တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများသည် ကြက်မောက်ကျေးရွာတွင် ဆောင်ရွက ခဲ့သော ရဲဘော် (၂) ဆည်နှင့် ပျူတွင်းဆည်တို့မှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများ၊  ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBE) ဖြင့် ကျေးရွာတွင်း အစုအဖွဲ့လိုက် မွေးမြူထားသော မွေးမြူရေးလုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေသည်။


အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက် ပံ့ရန်ပုံငွေ ကျပ် ၃၉.၁၈ သန်းဖြင့် ရဲဘော်(၂)ဆည်နှင့် ပျူတွင်းဆည် ဆောင်ရွက်ခဲ့ရာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်သုံးဆီ၊  ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရား တို့ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ဖြင့်  မတည်ည်ရန်ပုံငွေ  (၇၅) သိန်းနှင့် ပြည်သူထည့်ဝင်ငွေ (၂၅) သိန်း၊ စုစုပေါင်းကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာတွင်းအစုအအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ မွေးမြူရေးလုပ်ငန်းများ၊ ၎င်းအပြင် ကျေးလက်ရေရရှိရေး မြေသားကန်(၁)ခု၊ ရေတုံကင် (၄)ခု  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)