ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ




MNP   -    မတ်  ၁

ကြိုတင် သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉နာရီမှ  ညနေ ၄နာရီခွဲအထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( အထက်မြန်မာပြည်ဌာနခွဲရုံး)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။


သင်တန်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲရုံး) ညွှန်ကြားရေးမှူးး ဦးကျော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း ကြိုတင်သတိပေးစနစ်အကြောင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ အကြောင်း၊ မြေငလျင်ဘေး သိမှတ်ဖွယ်ရာများအကြောင်း၊ မြစ်ရေကြီးမှု ဘေးအန္တရာယ်အကြောင်း၊ မိုးလေဝသဆိုင်ရာဘေးများ သဘာဝဘေး တုံ့ပြန် ဆောင်ရွက်ခြင်း စသည့် အကြောင် အရာများကို သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါ သင်တန်းသို့ မဟာအောင်မြေခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်များ တက်ရောက်ခဲ့ကြပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘေးစီမံမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)