စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသော CRPH, NUG တို့၏ လှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်နေကြသော PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ၂၃-၃-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

 မုံရွာမြို့၊ ရန်ကင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ငွေကြေးကောက်ခံပေးခဲ့သူ တရားခံ သန့်ဇင်ထွန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ခ)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ မုံရွာမြို့၊ သလ္လာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အားပေးစာသားများအား ရေးသားဖြန့်ဝေသူ တရားခံ လင်းလင်းထွန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်များဝယ်ယူခဲ့ခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများအား ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သူ တရားခံ မောင်မောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်များဝယ်ယူခဲ့ခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများအား ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သူ တရားခံ စိုးသူရဇော်(ခ)ဖိုးသကြားအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ မုံရွာမြို့နယ်၊ အောင်သာယာရွာတွင် နေထိုင်လျက်ရှိပြီး မုံရွာမြို့ပေါ် ဆူပူဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ တရားခံ တင်အောင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာနေပြည်သူများအား စည်းရုံးလှုံ့ဆော်ခြင်း အစိုးရဝန်ထမ်းများအား ထိတ်လန့်စေရန် နေ့စဉ်ဆန္ဒထုတ်ဖော်ခြင်း၊ လုံခြုံရေးအဖွဲ့များအား အန္တရာယ်ပြုရန် လက်နက်ခဲယမ်းများအား လက်ဝယ်ထားရှိခဲ့သူ တရားခံ မျိုးဝင်း၊ တရားခံ ဝင်းဇော်၊ တရားခံ ချိုလင်း၊  တရားခံ ကျော်လင်း တို့အား ပုဒ်မ ၅၀၅(က)၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး တန့်ဆည်မြို့တွင် နေထိုင်လျက်ရှိပြီး အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးခြင်း၊ ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများအား ကြောက်ရွံထိတ်လန့်စေရန် ပြုလုပ်ခဲ့သူ တရားခံ ညွှန်ရွှေအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်၊ တန့်ဆည်မြို့တွင် နေထိုင်လျက်ရှိပြီး အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးခြင်း၊ ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများအား ကြောက်ရွံထိတ်လန့်စေရန် ပြုလုပ်ခဲ့သူ တရားခံ ပြည့်ဖြိုးမင်း(ခ)ဖိုးသားကြီးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ်၊ တန့်ဆည်မြို့တွင် နေထိုင်လျက်ရှိပြီး အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးခြင်း၊ ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများအား ကြောက်ရွံထိတ်လန့်စေရန် ပြုလုပ်ခဲ့သူ တရားခံ တင့်နိုင်ထွန်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ဘုတလင်မြို့နယ်၊ ကုက္ကိုစုကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြိုပေါ်ဆန္ဒပြပွဲများတွင် လိုက်ပါဆောင်ရွက် ဆန္ဒပြခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းများအား အားပေးထောက်ခဲ့သည့်စာများ၊ လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများ၊ နိုင်ငံတော်အကြီးအကဲများအား လှောင်ပြောင်စော်ကားသည့် Post များအား Share ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ အောင်ကိုဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကနီမြို့နယ်၊ အိုင်တောင်(န)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်များဝယ်ယူခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား နေအိမ်တွင် လက်ခံခြင်း၊ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့်စာသားများအား ရေးသားဖြန့်ဝေခြင်းများပြုလုပ်ခဲ့သူ တရားခံ မြတ်ထွဋ်ခေါင်၊ တရားခံ ဇော်လင်းဦး အားအကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကနီမြို့နယ်၊ သပြေတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လက်နက်များဝယ်ယူခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား နေအိမ်တွင် လက်ခံခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့်စာသားများအား ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဖြိုးဝေထွန်းအားအကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ကနီမြို့နယ်၊ ချိုင်စောက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခြင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းများအား အားပေးထောက်ခံသည့်စာများအား ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဇော်မင်းထက်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သတင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသူ တရားခံ ကျော်ညွန့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)