MNP ၊ မတ် ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာအထက်တန်း /အလယ်တန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နက် ၈ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာသင်တန်းသား ဆရာ/ဆရာမများက “တို့တာဝန်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် သင်ကြားမှုမြင့်မားစေရန် ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ အရည်အသွေး ပြည့်ဝသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့၌ သင်ကြားပြသပေးနေသော ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည် ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့လူမှုဝန်းကျင်တွင်ပညာရေးသည် လူမှုရေးဆိုင်ရာ အဆင့်ဆင့်တိုး တက်ပြောင်းလဲမှု (Social Mobility) အတွက် အဓိကဖော် ဆောင်ပေးသကဲ့သို့နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံအုတ်မြစ်အဖြစ် သတ်မှတ် လက်ခံထားကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရန် ပညာရေးကဏ္ဍသည် အလွန်အရေးပါကြောင်း၊ အခြေခံပညာပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် KG တန်းသင်ရိုးသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်ရိုးသစ်နောက်ဆုံး ပြောင်းလဲမည့် Grade-9 နှင့် Grade-12 အတန်းများကို သင်ကြားမည်ဖြစ်ပြီး စနစ်သစ်ပညာရေးကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များအနေဖြင့် ယခင်နှစ်များက တက်ရောက်ခဲ့ကြသည့် ဘာသာရပ်ဆွေးနွေးပွဲများအပေါ်တွင် လက်တွေ့သင်ကြားပြသ ခဲ့သောဘာသာရပ်များ၏အတွေ့အကြုံများကို ပေါင်းစပ်ကာ ယခုဆွေးနွေးပွဲတက်ရောက်လာခြင်းဖြင့် မိမိတို့ လက်တွေ့စာသင်ချိန်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် မိမိတို့၏လိုအပ်ချက်များ၊ အခက်အခဲများ၊ ပြဿနာဖြေရှင်း နည်းများကို တက်ကြွစွာ ဆွေးနွေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးခရိုင်ပညာရေးမှူး ဦးမျိုးလွင်က သင်တန်းဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းတင်ပြကာ သင်တန်း သား ဆရာ/ဆရာမများက ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ သီချင်းဖြင့် ဂုဏ်ပြု သီဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ ထားဝယ်ခရိုင်မှ(၅၀၉)ဦး၊ မြိတ်ခရိုင်မှ(၁၈၄၀)၊ဦးနှင့် ကော့သောင်းခရိုင်မှ (၃၇၆)ဦးတက်ရောက်ခဲ့ကြကာ မတ် ၂၁ ရက်နေ့ ၂၄ ရက်နေ တပြိုင်တည်းဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment