ဝမ်းတွင်းမြို့၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်းတွင်းမြို့၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကျင်းပ


MNP ၊ မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဗဟိုကျောင်းတိုက်တွင် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပေးရခြင်းအနေဖြင့် မိမိတို့ရင်သွေးငယ်များကို လိမ္မာယဉ်ကျေးသော လူတော်/လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဘာသာသာသနာကို ချစ်ခင်မြတ်နိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ၊ ကြီးပွားချမ်းသာ မင်္ဂလာသင်ခန်းစာ၊ အဘိဓမ္မာအခြေပျိုး သင်ခန်းစာ စသည့် ယဉ်ကျေးမှုဘာသာရပ်များကို ဆရာတော်/သံဃာတော်များက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


အဆိုပါ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား/သူ(၄၁၁)ဦး က တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။


ရဲမျိုးသက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)