MNP ၊ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့တွင် အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို စဉ့်ကူးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သာသာနာ့ဗိမာန်၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်မှစ၍ ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးဖြေဆိုရာတွင် ကြီးကြပ်ဆောင်ရွက်ကြမည့် မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်နှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများနှင့် စာမေးပွဲဖြေဆိုကြမည့် စာဖြေသံဃာတော်များအား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် စာမေးပွဲအား နေ့လယ် ၁၂ နာရီတွင် ဆက်လက်ကျင်းပရာ ကြီးကြပ်ဆရာတော်ကြီး (၇)ပါး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပါဠိပထမပြန် စာမေးပွဲအား မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ နေ့စဉ် နေ့လယ် (၁၂)နာရီမှ ညနေ (၃)နာရီအထိ ရက်သတ္တပတ်ကြာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး တတိယနေ့စာမေးပွဲ၌ အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ (၇၂)ပါးရှိပြီး ရဟန်း (၁၇)ပါး၊ သာမဏေ(၄၇)ပါး၊ စုစုပေါင်း (၆၄)ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက် (၈)ပါးရှိကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost

No comments:
Post a Comment