MNP ၊ မတ် ၃၀
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုကြမည့် ဆရာတော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာ တော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က တံတားဦးမြို့ မေဃဝန်ပရိယတ္တိ စာသင်တိုက်၌ ကျင်းပကြောင်းသိရသည် ။
အဆိုပါဆက်ကပ်လှူဒါန်းပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ လူမှုမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ဆရာ တော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲ များ ဆပ်ကပ်လှူဒါန်းကြသည် ။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ စိန်ဖူးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရအား သာသနာရေး ဆိုင်ရာများကိုလျှောက်ထားပြီး မြို့နယ်အတွင်းပါဠိပထမပြန်စာမေးပွဲအတွက် စာရွက်ထုပ်(၂)ပုံး၊ လက်သန့်ဆေးရည်၊ Mask များနှင့်လိုရာသုံးအလှူတော်အတွက် အလှူတော်ငွေကျပ် (၈) သိန်း တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည် ။
ရဲတင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment