တွံတေးမြို့နယ်၌ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်နိုင်ရေး မိဘပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများအား အသိပေးရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်နိုင်ရေး မိဘပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများအား အသိပေးရှင်းလင်း



MNP   -   မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သဝန်းတော)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း  တွဲဖက်ဖွင့်လှစ်ရေးအတွက် သဝန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းခဲ့ကြောင်း သိရသည်။


အသိပေးရှင်းလင်းပွဲတွင် တွံတေးခရိုင် ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စန်းရီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မြချို က Grade-9 ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ကျောင်းသူများ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်ကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့်  အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။     


ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း (သဝန်းတော) ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့် က အလယ်တန်း အဆင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စိတ်ဝင်စားသည့်မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘပြည်သူများ  သိရှိနိုင်ရေး  အခြေခံပညာအထက်တန်း၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ စသည့်ပညာရေး လမ်းသွယ်လေးမျိုး ရွေးချယ် သင်ယူနိုင်သည့် အခွင့်အလမ်းများကိုပြောကြားခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက ပြသထားသည့် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ ဗီနိုင်း ပိုစတာများအား လိုက်လံရှင်းလင်းပြောကြားခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)