ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုး စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုး စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ







MNP   -   မတ် ၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက် သီးနှံ ဆင်းရွှေ ကြာ (၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်   မြို့ဦးရပ်ကွက် ၊ဇူလကျေး ရွာတွင် ကျင်းပခဲ့ သည်။


အဆိုပါ ဆီထွက်သီးနှံ(ဆင်းရွှေကြာ) စံကွက် ကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးရပ်ကွက် ၊ ဇူလကျေးရွာ ၊ကွင်းအမှတ် (၁၀၁/ဃ)ဦးပိုင် အမှတ် (၄၅၅ /၁) အကျိုးဆောင်တောင်သူတစ်ဦး၏ လယ်မြေ ၅ ဧက တွင် စိုက်ပျိုး ထား သည့် ဆင်းရွှေနေကြာ(၂)မျိုး စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ် ဦးစီး မှူး ဦးစောမောင် က လုပ်ငန်းများ ဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်း ပြော ကြားခဲ့သည်။ 


အဆိုပါ စံပြကွက် သရုပ် ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင် နှင့် အဖွဲ့ဝင် ဦးဦးခင်မောင်၊ အတွင်းရေးမှူး ရဲမှူး သန်းနိုင် ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တောင်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။ 


သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)