နိုင်ငံရေးလုပ်စားမယ်ဆိုရင် မင်းကိုနိုင်၊ ပန်ဆယ်လို တို့ကို အတုယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံရေးလုပ်စားမယ်ဆိုရင် မင်းကိုနိုင်၊ ပန်ဆယ်လို တို့ကို အတုယူ


နိုင်ငံရေးလုပ်စားတယ်ဆိုတာ နိုင်ငံကောင်းဖို့၊ မကောင်းဖို့ မျှော်တွေးပြီး လုပ်တာမျိုး မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုး ဖြစ်လာရင် ဒီလို လုပ်စားလို့ရတယ်ဆိုတာကို သိနေခြင်းပဲ ဖြစ်ပါတယ်။

ဥပမာ ၂၀၂၀ ရွေးကောက်ပွဲ NLD ပါတီက မဲလိမ်မဲခိုးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇)(၄၁၈) တို့ အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ယူရတယ်။ ဒီအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ရေးသားပြဆိုပြီးသားကိစ္စပါ။

သို့ပေသော် ပြည်သူလူထုကြီးထဲက အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖတ်ကြဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပတ်သက်လို့လည်း နိုင်ငံရေးလုပ်စားသူတွေက ပလူပျံအောင် ပြစ်တင်ဝေဖန်ပြောဆိုထားပြီးသား။

NLD ပါတီရဲ့ ကမ္ဘာ့စံချိန်တင် (ဂရင်းနစ်စံချိန်တင်) မဲလိမ် မဲခိုးမှုကြီးကိုလည်း သိအောင် မလေ့လာဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ဆိုတာလည်း မလေ့လာတဲ့ လူထူကြီး ဟာ ဂျင်းထည့်လို့ မှိုင်းတိုက်လို့ သိပ်ကောင်းတယ်။

ပြောရင် ပြောတိုင်း ယုံတယ်။ ပြောတဲ့ အပေါ်မှာ ဟုတ်သလား၊ မှန်သလား။ မစဉ်းစားနိုင်ဘူး။

(အမြင်မရှင်းကြဘူး။ အမြင်မရှင်းဘူးဆိုတာက အမှန်မသိလို့။ အမှန်သိအောင်လည်း မလေ့လာကြလို့)


အဲဒီတော့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဂျင်မီ၊ ပန်ဆယ်လို ဘယ်သူက ပြောပြော အဟုတ်ထင်ပြီး သူတို့ပြောသမျှ လိုက်လုပ်ကြတာ အကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြတယ်။

လှုံ့ဆော်တဲ့ နေရာမှာ ထိပ်တန်း မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့က လွတ်မြောက်နယ်မြေကို ရောက်အောင်ပြေးတယ်။ မီးရှို့ခဲ့ပြီးပြီ။ မီးကလည်း လောင်မြိုက်နေပြီ။ ဓာတ်ဆီလေး မကြာ မကြာလောင်းပေးဖို့လောက်ပဲ လိုတော့တယ်။ ဆိုတော့ ပြေးပြီ - ဘိုင် ဘိုင်

မင်းကိုနိုင် ဆိုရင် ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်မီက အားနဲ့ မာန်နဲ့ သွေးကြွအောင် လှုံ့ဆော်တယ်။ အခု မလုပ်တော့ဘူး။ တစ်လလောက်ကြာမှ ကဗျာလေးတစ်ပုဒ်လောက် ရေးပြီး လှုံ့ဆော်ပေးတယ်။

ပန်ဆယ်လို ဆိုရင် သူရဲ့ လုပ်ငန်းကို နှောက်ယှက်တဲ့သူ မှန်သမျှ အဖေအရွယ်၊ အမေအရွယ်မကလို့ ဘယ်လိုလူပဲ ဖြစ်နေပါစေ။ ဖေတော့ မောင်တော့ ဆဲလိုက်တာ မိုးမွှန်လို့။ CRPH, NUG က ဘယ်ခွေးသူတောင်းစားမှ၊ ဘယ်ဖာသည်မမှ သွား မတားရဲဘူး။ သူတို့ပါ အဆဲခံရမှာ - (တချိန်က ဒေါ်စုထမီနားခိုစားခဲ့တဲ့ နိုင်ငံရေးသမားတွေ အခု ပန်ဆယ်လို အလှူခံပေးတာနဲ့ စားနေရတဲ့ ဘဝ ဆိုတော့ တစ်ခွန်း တစ်ပါဒမှ မဟရဲကြပါဘူး။)

နိုင်ငံရေးလုပ်စားမယ်ဆိုရင် အဲဒီလို လူပါးဝတတ်ရတယ်။ အဲဒီလို ပါးနပ်ရတယ်။ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ပြောဆိုတာကိုလည်း ယုတ္တိရှိရှိ မျက်နှာပြောင်တိုက်ပြီး ပြောရဲရတယ်။ အဖမ်းခံမှာ ကြောက်လို့ ပြေးပင်ပြေးညားလည်း မကြောက်ကြောင်း ဟန်လုပ်တတ်ရတယ်။ သေတွင်းထဲကို မရောက်အောင် ဝေးနိုင်သမျှ ဝေးအောင် ပြေးရတယ်။ မင်းကိုနိုင်၊ ပန်ဆယ်လို တို့ နိုင်ငံရေးလုပ်စားတာ သူတို့မိသားစုထဲက တစ်ဦးတစ်ယောက်မှ အထိခိုက်မခံဘူး။ PDF အမည်ခံ နွားတွေ သေကြ။ နွားတွေ ရဲ့ မိသားစုဝင်တွေ သေကြ။ နွားတွေ ရဲ့ ရန်ပြုစော်ကားမှုဘေးကနေ ကင်းဝေးအောင် မရှောင်နိုင်တဲ့သူတွေ သေကြ။ ဘယ်သူသေသေ သူတို့မှာ တာဝန်ယူဖို့ တာဝန်ခံဖို့လည်း မလိုဘူး။ PDF ပဲ သေသေ၊ PDF က သတ်လို့ပဲ သေသေ သူတို့ အတွက် ငွေဖြစ်နေတယ်။ 

မင်းကိုနိုင် အမေရိကန်မှာ အေးဆေး၊ တစ်လ တစ်ပုဒ်လောက် လှုံ့ဆော်ဖို့က ထမင်းစား ရေသောက် သူ့အတွက် အပျင်းပြေ အလုပ်ပဲ။ ပန်ဆယ်လို PDF အတွက် အလှူခံရင်း စတိုးဆိုင်ကြီးတောင် ဖွင့်နိုင်နေပြီ။ မနာလို တိုရှည်ဖြစ်နေတဲ့ ပြည်ပြေး နီပိန်းကြီးတွေကိုလည်း ပိုးဆိုးပက်စက် ဆဲလိုက်သေးတယ်။


နိုင်ငံရေးလည်း လုပ်စားချင်တယ်။ မင်းကိုနိုင်၊ ပန်ဆယ်လို တို့လို ပါးနပ်မှု မရှိတော့ -

ကျားမဖြစ်ဘဲ နွားဖြစ်ကုန်တယ်။ အကြမ်းဖက်သမားအဖြစ်နဲ့ လူတကာကို ဒုက္ခပေး၊ နောက်ဆုံး ကိုယ်တိုင် သေတွင်းထဲဆင်း ရတဲ့ ဘဝတွေ ဖြစ်ကုန်တယ်။

အတုယူတတ်ဖို့ နည်းပေးလမ်းပြ လုပ်ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်သမား နွားလေးတွေ အသိတရားရစေဖို့ -


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)