MNP ၊ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုလူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ကလေးသူငယ်ဆိုင်ရာအဖွဲ့ဝင် ဒေါ်နွယ်နီတင်က အလေးသူငယ်များအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသူများက မရှင်းလင်းသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment