မောက်မယ်မြို့နယ်၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ




MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး မူလတန်းကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ(၂၁)ဦးက ဝင်္ကပါမှာအဖြေရှာနှင့် သင်္ချာဉာဏ်စွမ်း ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်စေခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်း က လက်ဆောင်ပစ္စည်းများပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဓါတ်ပုံနှင့်နံရံကပ် စာစောင်များပြသရာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။ 


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment