နမ့်ဆန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီ အချိန်က သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက “ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါမှန်သမျှသည် ပတ်ဝန်းကျင်ကို အမှီသဟဲပြုနေကြရပါတယ်။ ထိုသို့ သက်ရှိနှင့်သက်မဲ့တို့ အပြန်အလှန်အမှီအဟဲ ပြုနေကြခြင်းကို ဂေဟစနစ်ဟုခေါ်ဆိုပါတယ်။ လူသားတို့၏ လူမှုစီးပွားသဘာဝ ကောင်းမွန်တိုးတက်ရေးနှင့် သာယာဝပြောရေးသည် ကောင်းမွန်၍ သန့်ရှင်းသော ပတ်ဝန်းကျင်ပေါ်တွင် အခြေခံနေပါတယ်။ ယခုအခါ လူသားတို့၏ မဆင်မခြင် လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ တဖြည်းဖြည်းယိုယွင်းပျက်စီးလျက် ရှိနေပါတယ်။ ဒါ့ကြောင့် ကြွပ်ကြွပ်အိတ်အပါအဝင် ပလတ်စတစ်ပစ္စည်းရောက်ရှိ မှုများလာတာနဲ့အမျှ တချိန်ချိန်မှာတော့ ဒုက္ခပေးနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိထားဖို့လို အပ်ပါတယ်” ဟုအကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က “ကြွပ်ကြွပ်အိတ် အပါအဝင် ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးဆွဲခြင်းဟာ ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်မယ့်အပြင် သက်ရှိတို့ရဲ့ ဂေဟစနစ်များနဲ့ လူတို့ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သွားနိုင်မှာဖြစ်တာကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့က ကြွပ်ကြွပ်အိတ်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ် ပေးကြပါစို့ဟု” အကျယ်တစ်ဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment