မိုင်းနောင်မြို့တွင် ဝါးခမောက်နှင့် ရှမ်းရိုးရာအသုံးအဆောင်များ၊ အမှတ်တရပစ္စည်းများ အရောင်းသွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့တွင် ဝါးခမောက်နှင့် ရှမ်းရိုးရာအသုံးအဆောင်များ၊ အမှတ်တရပစ္စည်းများ အရောင်းသွက်


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ရှိ ဒေသထွက်ဝါးနှီးဖြင့် ရက်လုပ်သော ဝါးခမောက်နှင့် ရှမ်းရိုးရာအသုံးအဆောင်များ၊ အိမ်တွင်းလက်မှုပစ္စည်းများ၊ အမှတ်တရပစ္စည်းဆိုင်များသည် နွေရာသီ ခရီးသွားကာလ၊ မတ်လဆန်းပိုင်းမှစ၍ အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။


မိုင်းနောင်မြို့ရှိ ဒေသခံ ရှမ်းတိုင်းရင်းသားများသည် ရိုးရာလက်မှုလုပ်ငန်းဖြစ်သည့် ဝါးနှီးဖြင့်ရက်လုပ်သော ဝါးခမောက်နှင့် ရှမ်းရိုးရာ အသုံးအဆောင်များ၊ အိမ်တွင်းလက်မှုပစ္စည်းများ၊ အမှတ်တရပစ္စည်းများကို အစဉ်ဆက် လုပ်ကိုင်ခဲ့ပါသည်။  တောင်ယာလုပ်ငန်းခွင် ရပ်နားချိန်တွင် ဝါးနှီးရက်လုပ်ခြင်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက် အိမ်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် ဆိုင်တင်ရောင်းချထားရှိပြီး ယခု နွေရာသီကာလတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။


ဒေသထွက်ဝါးနှီးဖြင့် ရက်လုပ်သော အထင်ရှားဆုံး မိုင်းနောင်ခမောက်(ကွမ့်ယော)သည် ရှမ်းပြည်နယ်ဒေသ အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး ရှမ်းရိုးရာ ဝါးနှီးအသုံး အဆောင်များ၊ အမှတ်တရပစ္စည်းများကိုလည်း ခရီးသွားပြည်သူများ ကြိုက်နှစ်သက် လျက်ရှိပါကြောင်း အရောင်းဆိုင်ရှင် ပီယိင်းလုံထံမှ သိရှိရပါသည်။


မနန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment