ဂွမြို့နယ်တွင် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် မြစိမ်းရောင် ရန်ပုံငွေ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် မြစိမ်းရောင် ရန်ပုံငွေ ထုတ်ချေး




MNP ၊ မတ်  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျေးရွာ(၁၇)ရွာတွင် မြစိမ်းရောင် ရန်ပုံငွေ အား မြို့နယ်မြစိမ်းရောင် လုပ်ငန်းအဖွဲ့ရှေ့မှောက်တွင် မတ်လ(၂၂)ရက်နေ့က ထုတ်ချေးခဲ့သည်။


မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာ မြစိမ်းရောင်စီမံကိန်းအနေဖြင့် စေတီကွင်း၊ ဆားချက်+ပြင်ကွင်း၊ ကိုင်းတောကွင်း+ဂျိတ်တောင်၊ ပုန်းညှက်၊ ရှောက်ကုန်း၊ ဘိုကလေး(ချင်းကုန်း)၊ ဂျိုင်ကောက်၊ ကြွေချိုင်၊ တိုင်ကျိုး၊ ရွှေရချိုင်၊ ညောင်ချောင်း၊ ပိန္နဲကုန်း၊ ကိုင်းခုံ၊ ကွင်းကြီး(ကမ်းနား)ကျေးရွာများအား (ပဉ္စမအကြိမ်)၊ ကံ့ကော်တောင်ကျေးရွာအား(နဝမ)အကြိမ်၊ ရွာသစ်ကုန်းကျေးရွာနှင့် ငရံ့ကျော်+ ဖိုးလှောင်ကွင်း ကျေးရွာများအား (တတိယအကြိမ်) မြောက်အဖြစ် ထုတ်ချေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ(၄၀၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၁၂၇)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၆၆)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၄)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၄၆၆)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၇၁)ဦးတို့ကို ငွေကျပ်(၆၇၉.၇၄)သန်းအားထုတ်ချေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)