ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် ရေငန်ပုစွန်သားပေါက် မျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ





MNP ၊ မတ်  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ငါး/ပုစွန် သယံဇာတများ မျိုး ပြုန်းတီးနိုင်မှုမရှိစေဘဲ ရေရှည်ထုတ်လုပ်စားသုံးနိုင်ရေးအတွက် ရေငန်ပုစွန် သားပေါက်မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ် သည်။ 


ဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် “တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီးသည့်အတွက် မွေးမြူရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် ရေမြေနှင့် မြေခံကောင်းများ ဖြစ်သည့်အတွက် အကျိုးရှိအောင်အသုံးချရန်၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာများပေါများစေရန် အဓိက မြစ်ချောင်း၊ အင်းအိုင်များတွင် ငါး/ပုစွန်သားပေါက်များ အမြောက်အများ မျိုးစိုက်ထားစေခြင်းကို ငါးလုပ်ငန်းဦးစီးဌာနမှကြပ်မတ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားချက်များရှိသဖြင့် ငါးရိက္ခာဖူလုံစေရေး အတွက် ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မျိုးစိုက်ပုစွန်သားပေါက်များအား ငလပွေ့ချောင်း အတွင်းသို့ လွှတ်ပေးမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးကြည်ဝင်းက ရေငန်ပုစွန်သားပေါက်မျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍  ငါး/ပုစွန်သယံဇာတမျိုး ပြုန်းတီးမှုမရှိစေပဲ ရေရှည်ထုတ်လုပ်စားသုံးနိုင်ရန်နှင့် သဘာဝရေပြင်အတွင်း ငါး/ပုစွန်များပေါများစွာ တည်ရှိနေခြင်းဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလန်း ပိုမိုရရှိကြစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်လင်းပြောကြားသည်။


ယင်းနောက်အခမ်းအနား တက်ရောက်လာကြသော ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင် ငါး/ပုစွန် မျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကမ်းနီး/ကမ်းဝေးငါးလုပ် ငန်းရှင်များနှင့် ရေထွက်ပစ္စည်းလုပ်ငန်းရှင်များက ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက် ကောင်ရေ ငါးသိန်းနှင့် မျိုးပုစွန်အမကောင်ရေ ၁၂ ကောင်တို့အား မျိုးစိုက်ထည့်ခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။


 တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)