ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများနှင့်ဌာနဆိုင်ရာများသို့ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများနှင့်ဌာနဆိုင်ရာများသို့ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ






MNP ၊ မတ်  ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ​ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကယနေ့ နေ့လယ်ပိုင်းက  တပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် နိုင်ငံ့ချစ်စိတ်၊မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြတ်လာစေရန်အတွက်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


 အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်များ၊နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည့်အကြောင်းအရာများ၊(၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာတပ်မတော်ပါ ဆောင်ပုဒ်များ၊ဗိုလ်ချုပ်အောင်ဆန်း ၏ စွမ်းအားရှိသမျှကာကွယ်ပေးမယ်  မိန့်ခွန်းများ၊ တပ်မတော်၏အား(၁၀)ပါးကိုလည်းကောင်း၊တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည် ဆောင်ပုဒ်များ၊ပြည်သူချစ်တဲ့တပ်မတော် ကဗျာများ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၏ အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင် စသည့်မိန့်ခွန်းကောက်နုတ်ချက်များစသည် တို့ပါဝင်သည့်လက်ကမ်းစာစောင်များကို    အသိပညာပေးဖြန့်ဝေပေး  ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)