ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဇီဝဗေဒ၊ဘောဂဗေဒ)ဘာသာရပ် လုံခြုံအေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဇီဝဗေဒ၊ဘောဂဗေဒ)ဘာသာရပ် လုံခြုံအေးချမ်းစွာ ဖြေဆို




MNP ၊ မတ်  ၁၅

၂၀၂၂-၂၀၂၃  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၅ ရက်တွင်နိုင်ငံတဝှမ်း၌  ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာရပ်ကို  ဆဋ္ဌမနေ့   တွင်  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင်  လာရောက်ဖြေဆိုသူ ( ၉၅.၈၈)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပေါင်မြို့နယ်တွင် အထကပေါင် စာစစ္ဌာန ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒ နှင့် ဘောဂဗေဒ​ဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၄၁၃)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ(၃၉၆)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး အအေးဗူးများဝေငှပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)