ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘောဂဗေဒဘာသာရပ်နှင့်ဇီဝ‌ဗေဒဘာသာကို ကျောင်းသား၊ကျောင်းသူ(၁၃၂၁)ဦးဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘောဂဗေဒဘာသာရပ်နှင့်ဇီဝ‌ဗေဒဘာသာကို ကျောင်းသား၊ကျောင်းသူ(၁၃၂၁)ဦးဖြေဆို





MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ်၊စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၈ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဘောဂဗေဒဘာသာရပ်နှင့်ဇီ‌ဝဗေဒဘာသာကို ကျောင်းသား၊ကျောင်းသူ(၁၃၂၁)ဦးက အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


ရသေ့တောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရသေ့တောင်မြို့နယ်အနေဖြင့်  အ.ထ.က (၁)စာစစ်ဌာန နှင့် အ.ထ.က(၂)စာစစ်ဌာန ၊စာစစ်ဌာန(၂)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ဘောဂဗေဒဖြေဆိုရန် စာရင်းရှိကျောင်းသား၊ကျောင်းသူ (၁၄၂၁)ဦး ရှိသည့်အနက်ဖြေဆိုသူ(၁၃၁၁)ဦး၊ပျက်ကွက်သူ(၁၂၀)ဦးရှိပြီးဇီ၀‌‌ဗေဒဘာသာရပ်ကိုစာရင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၃)ရှိသည့်အနက်‌  ဖြေဆိုသူ(၁၀)ဦး၊ပျက်ကွက်သူ(၃)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)