၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် အေးချမ်းစွာဖြေဆို



MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာနသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)စာစစ်ဌာန၌ မိုင်းယန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ အပြင်ဖြေကျောင်းသား(၁)ဦး၊ ဘောဂဗေဒဘာသာရပ်လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား/ကျောင်းသူ(၃)ဦးနှင့် အပြင်ဖြေကျောင်းသား/ကျောင်းသူ(၁၃)ဦး စုစုပေါင်း(၁၇)ဦး လာရောက်ဖြေဆိုပြီး အပြင်ဖြေဆိုသူ ကျောင်းသား (၃)ဦး ပျက်ကွက်ခဲ့ကြောင်း သိရသည်။


ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး သီဟနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၂၈၁)ခြေလျင်တပ်ရင်းမှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စာစစ်ဌာနအနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များမရှိရအောင်ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထွန်းထွန်းထူး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)