တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ နောက်ဆုံးနေ့၌ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ နောက်ဆုံးနေ့၌ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆို




MNP ၊ မတ်  ၁၅

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ များကို မတ်လ(၈)ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိပြီး  ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ နောက်ဆုံးနေ့၌ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံ ဘာသာတွဲ နောက်ဆုံးနေ့ ကျင်းပနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ နောက်ဆုံးနေ့၌ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၉၂)ဦး၊ ကျောင်းသူ(၂၄၁)ဦး စုစုပေါင်း (၄၃၃)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၇၃)ဦး၊ ကျေင်းသူ(၂၂၃)ဦး စုစုပေါင်း (၃၉၆)ဦးအထိရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၁.၄၅)ရာခိုင်နှုန်းအထိရှိပြီး ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၁၂၉)ဦး၊ ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၂၈၇)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၀၈)ဦး၊ ကျေင်းသူ(၁၂၉)ဦး စုစုပေါင်း (၂၃၇)ဦးအထိရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၂.၅၈)ရာခိုင်နှုန်း အထိရှိကြောင်းနှင့် စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင် စေရေး၊ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေး အသင်းဝင် များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment