မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံဖိနပ်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံဖိနပ်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား





MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမ တွင် အခြေခံဖိနပ်ချုပ်သင်တန်းကို ယမန်နေ့ နံနက်(၁၁)နာရီက အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ် က တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနခရိုင်/မြို့နယ်ရုံးများ၌ နွေရာသီကာလ တွင် လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အခြေခံဖိနပ်ချုပ်သင်တန်းကို နေ့စဉ်မွန်းလွဲ(၂)နာရီအချိန်တွင် အခမဲ့ဖွင့််လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြမှ သင်ကြားပေးသည့် အခြေခံဖိနပ်ချုပ်နည်း ကို သင်တန်းတက်ရောက်သူများ အနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး မိမိတို့၏ တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်ယဉ်ယဉ်အေးက အခြေခံဖိနပ်ချုပ်နည်း သင်တန်းကို ကျွမ်းကျင်စွာတတ်မြောက်သည်အထိ သင်ကြားပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။


မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံဖိနပ်ချုပ် သင်တန်းကို သင်တန်းသူ(၁၈)ဦးအား မတ်လ(၁၇)ရက်နေ့မှ (၃၁)ရက်နေ့အထိ ရက်သတ္တပတ်(၁၅)ရက်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment