မိုင်းလုံမြို့၌ တစ်နိုင်တစ်ပိုင် ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့၌ တစ်နိုင်တစ်ပိုင် ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိ

 


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တစ်နိုင်တစ်ပိုင် ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်းကို  မိုင်းလုံမြို့ ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။


စိုက်ပျိုးရာတွင် မြေပြန့်ဒေသမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိစိုက်ပျိုးလို့ရပြီး တောင်ပေါ် ဒေသမှာဆိုရင်တော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရပါတယ်။ အစေ့တွေကို ပျိုးဘောင်ပေါ်မှာ လက်မဝက်ခန့် အနက်ထား၍ပျိုးပါ။ မျိုးစေ့ထည့်ပြီး ကောက်ရိုးပါးပါးဖုံးကာ ရေပန်းခရားဖြင့် ရေလောင်းပေးပါ။ (၄-၆)ရက်လောက်ဆို အညှောင့်ထွက်လာပါမယ်။ (၅)ပတ်ခန့်အကြာမှာ ပြောင်းရွှေ့စိုက်လို့ရပါတယ်။ ညနေပိုင်းမှာ ရွှေ့စိုက်သင့်ပြီး ပျိုးပင်များအမြစ်မနာအောင် ဂရုစိုက်ပြီးနုတ်ပါ။ ပြောင်းရွှေးစိုက်ပျိုးရာတွင် ‌ပင်ကြား၊ တန်းကြား (၂)ပေပတ်လည် ထားရပါတယ်။ မြေဆီများကိုလည်း ထည့်ပေးရပါတယ်။ ရေဝပ်တဲ့နေရာကိုတော့ စိုက်မျိုးရန် မသင့်ပါ။ ပြောင်းရွှေ့စိုက်ပြီး (၂-၃) လအကြာမှာ ခူးဆွတ်လို့ရပါတယ်။ (၄)လအတွင်းငွေပေါ်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သောကြောင့် ‌ခြံစိုက်တောင်သူများအတွက် အဆင်ပြေတယ်။  အခြား ဟင်းသီးဟင်ရွက်များကိုလည်း စိုက်ပျိုးထားပါတယ်။


အပွင့်အလိုက် ဈေး(၅ဝဝ မှ ၁၅ဝဝ)ကျပ် ရရှိသောကြောင့် မိုင်းလုံမြို့ရှိ ခြံစိုက်တောင်သူများလည်း စိုက်ပျိုးသင့်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment