ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်





MNP ၊ မတ်  ၁၈

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


    ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူလေးများ အနေဖြင့် ဗဟုသုများပိုမိုရရှိစေရန်၊ ဉာဏ်ရည်များ ပိုမိုထက်မြတ်လာစေရန်နှင့်  စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။


    ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ဘော်လုံးလက်ဆင့်ကမ်း ပြိုင်ပွဲတွင် မောင်ကောင်းခန့်လင်း ဦးဆောင်သောအဖွဲ့မှ (ပထမဆု)ကိုလည်းကောင်း မောင်စိုးလင်းဦးဆောင်သောအဖွဲ့မှ (ဒုတိယဆု)ကို လည်းကောင်း၊ ပူစီပေါင်းဖောက်ပြိုင်ပွဲတွင် မောင်ကောင်းခန့်လင်းနှင့် မောင်စိုးလင်းအောင်တို့ အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မဇွန်မင်းအေးနှင့်မဆုလွှမ်းနိုင်တို့အတွဲမှ (ဒုတိယဆု)ကိုလည်းကောင်း၊ အပ်နှာဖားထိုးပြိုင်ပွဲတွင် မပြည့်ဖူးစံနှင့် မမေဇင်သင်းတို့အတွဲမှ (ပထမဆု)ကိုလည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်နှင့် မဟေမာန်သင်းတို့အဖွဲ့မှ (ဒုတိယဆု)ကို လည်းကောင်း အသီးသီးရရှိ ခဲ့ကြသည်။  ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးမှ ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment