MNP ၊ မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် စိုက်ပျိုရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တွင် ယမန်နေ့နံနက်ပိုင်းက ကွင်းယားကြီးကျေးရွာအုပ်စု၊ ဖောင်းဖြူကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် ကျွဲ၊နွားများအား ပေါင်ပုပ်၊လက်ပုပ်ရောဂါ ကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် ကာကွယ်ဆေးများကို ပွင်းဆင်း ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲ တွင်ပြည်ခရိုင်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက ရွှေတောင်မြို့နယ်တွင် မွေးမြူထားရှိတဲ့ ဒေသကျွဲ၊ နွားများကို ပေါင်ပုပ်၊လက်ပုပ်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားပါက ဆောင်ရွက်ရမည့် အစီအမံများနှင့် ဆောင်ရန်၊ရှောင်ရန်နှင့် ဆက်သွယ်ရမည့် နည်းလမ်းများကို ကျေးရွာနေပြည်သူများ သိရှိစေရန် အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာများတွင်မွေးမြူထားသော ကျွဲ၊နွားများကို ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ထိုးနှံပေးခဲ့သည်။ ဆက်လက်၍ ကျေးရွာများရှိ တိုင်းရင်းကြက် (ဒေသကြက်)များကို I2 ကြက်လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်းခပ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment