MNP ၊ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ တိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ ဆက်လက်ထိုးနှံ တိုက်ကျွေးကြောင်း သိရသည်။
အဆိုပါ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော၊ ပြင်းထန်တီဘီ၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment