MNP - မတ် ၆
လီဗာပူးလ်အသင်းရဲ့ ဝါ၇င့် ဂန္ဓာဝင်တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရသည်။ဖာမီနိုဟာ လီဗာပူးလ်ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အသင်းနှင့် နည်းပြဖြစ်သူ ယာဂင်ကလော့ပ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုလည်း ကျေးဇူးတင်ပေမယ့် စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသက် ၃၁နှစ်အရွယ် ဘရားဇီးလ်သားဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄၈ပွဲ ပါဝင်ကစားထားပြီး၊ ၇၈ ဂိုးသွင်း ၊ ၄၉ ဖန်တီးထားတာပေးထားဖြစ်ပြီး ချန်ပီယံလိပ်ဖလားတစ်ကြိမ်၊ ပရီးမီးယားလိပ်တစ်ကြိမ်၊ Super Cup တစ်ကြိမ်၊ FIFA Club World Cup တစ်ကြိမ်၊ FAဖလားတစ်ကြိမ်နှင့် ကာရာဘောင်ဖလားတစ်ကြိမ် ဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment