မိုးကုတ်ဆရာတော်ကြီးအား ဆက်ကပ်သော "အဘိဓဇမဟာရဌဂုရု"ဘွဲ့တံဆိပ်တော် ကိုယ်စားအလှူခံရန် မင်္ဂလာကျောင်းတိုက်သို့ ပင့်လျှောက်လွှာ ပေးပို့ခဲ့ပြီး ပင့်လျှောက်လွှာ ပယ်ဖျက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကုတ်ဆရာတော်ကြီးအား ဆက်ကပ်သော "အဘိဓဇမဟာရဌဂုရု"ဘွဲ့တံဆိပ်တော် ကိုယ်စားအလှူခံရန် မင်္ဂလာကျောင်းတိုက်သို့ ပင့်လျှောက်လွှာ ပေးပို့ခဲ့ပြီး ပင့်လျှောက်လွှာ ပယ်ဖျက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်






MNP ၊ မတ် ၆

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နိုင်ငံတော်အစိုးရ) မှ "အဘိဓဇမဟာရဌဂုရု"ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်း ခဲ့ပြီး မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မင်္ဂလာကျောင်းတိုက်သို့ ဆရာတော်ကြီး၏ကိုယ်စားအလှူခံပေးရန် ပင့်ဖိတ်ခဲ့ပြီး (၂၀-၂-၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း သာသနာရေးမှူးဦးစီးဌာနမှ ရုံးချုပ်မှပင့်လျောက်သေ ာဘွဲ့တံဆိပ်တော် အလှူခံရန် မူလပင့်လျောက်လွှာအားဖျက်သိမ်းကြောင်း ဆက်သွယ်ပြောဆိုခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မင်္ဂလာတိုက်မှ ဆရာတော်များက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်မိန့်ကြားရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူများထံ တင်ပြရန် မြန်မာနေရှင်နယ်ပို့စ် မှ ပြန်လည်လျှောက်ထားခဲ့သည်။

ကိုယ်စားအလှူခံပေးရန် ပင့်လျှောက်လွှာအား ပယ်ဖျက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မင်္ဂလာတိုက် သီရိနာယကကျောင်း မှ အရှင်ခေမာနန္ဒ(ရွှေဘို) က "မင်္ဂလာကျောင်းတိုက်အား ညနေကသတင်းစကားကြားရတာ စိတ်မကောင်းဖြစ်မိသလို မင်္ဂလာတိုက် သံဃာတစ်ပါးအနေဖြင့် ဒေါသလည်းဖြစ်မိပါတယ်။ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရမှ လွတ်လပ်ရေးနေ့တွင် "အဘိဓဇမဟာရဌဂုရု"ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းကြောင်းကို ကြေငြာခဲ့ပါသည်။ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပါကြောင်း ကြော်ငြာစဉ်အချိန်ကလည်း ဘဒ္ဒန္တဝိမလ (မိုးကုတ်ဆရာတော်ဘုရားကြီး)၊ မင်္ဂလာကျောင်းတိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဟူ၍ ပါရှိသလို၊ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းနားသို့ ဆရာတော်ကြီး၏ ကိုယ်စား အလှူခံပေးရန် ပင့်ဖိတ်သည့် သာသနာရေးဝန်ကြီးဌာန တံဆိပ်တုံးရိုက်နှိပ်ခြင်းပါရှိသည့် ပင့်လျောက်လွှာကိုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးချုပ်မှ ပင့်လျောက်လွှာလည်း လက်ခံရရှိပြီး ဖြစ်ပါသည်။ သို့သော်(၂၀-၂-၂၀၂၃)ရက်နေ့တွင်မန္တလေးတိုင်း သာသနာရေးမှူးဦးစီးဌာနမှ ရုံးချုပ်မှပင့်လျောက်သော ဘွဲ့တံဆိပ်တော်အလှူခံရန် မူလပင့်လျောက်လွှာအား ဖျက်သိမ်းကြောင်း လာရောက်အကြောင်းကြပါသည်။ အဘယ့်ကြောင့် မူလပင့်လျောက်လွှာအား ဖျက်သိမ်း သနည်းဟု မေးမြန်းစုံစမ်းရာတွင် ရန်ကုန် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ ဆရာတော်တစ်ပါးအား ဆက်ကပ်လိုသောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ အထက်ပါဆရာတော်အားလည်း မေးလျောက်ချင်ပါသည်။ ဘွဲ့တံဆိပ်တော်ဆက်ကပ်စဉ် အချိန်ကလည်း လိပ်စာအတိအကျနှင့် ပေးထားသည်ကို မသိလေရော့သလား? မင်္ဂလာကျောင်းတိုက် အမရပူရမြို့နယ် မန္တလေးတိုင်းဒေသကြီး ဟူ၍ ကြော်ငြာလျက် ပေးအပ်သော ဘွဲ့တံဆိပ်တော်သည် အမရပူရမြို့ မင်္ဂလာတိုက်သံဃာတော်များသာလျင် လက်ခံသင့်သည်မဟုတ်ပါလား ဘုရား။ တိုင်းသာသနာရေးမှူးဦးကျော်လှိုင် ခများလည်းဘုန်းကြီးလူထွက် ဖြစ်ဖို့များပါတယ်။ ထိုကဲ့သို့ လိပ်မူအတိအကျနှင့် ပေးအပ်သော ဘွဲ့တံဆိပ်တော်အား လိပ်မူပါကျောင်းတိုက်ရှိ သံဃာအား တက်ရောက်အလှူခံခွင့် ပိတ်လျက် ကျောင်းတိုက်နှင့် မသက်ဆိုင်သောဆရာတော်အား တက်ရောက်အလှူခံစေခြင်းက အဘယ်ကြောင့်ပါလဲ? ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ကဆရာတော်အား တက်ရောက်စေလိုလျင် အဘယ့်ကြောင့် အမရပူရမြို့ မင်္ဂလာတိုက် မန္တလေးတိုင်းဒေသကြီးဟု ကြော်ငြာကြပါသနည်း။" ဟု ဆရာတော် က ရေးသား ပြောဆိုထားသည်။

ဆရာတော်၏ ရေးသား ဖော်ပြချက်တွင် "ယခုကဲ့သို့ ပြဿနာမျိုးကို မိုးကုတ်ဆရာတော်ကြီး၏ ထေရ်ထုပ္ပတ္တိခွေရိုက်စဉ်ကလည်း တခါကြုံဖူးခဲ့သည်။ ထိုစဉ်အချိန်က မိမိမှာ အမရပူရမြိုမိုးကုတ်ဝိပဿနာရိပ်သာ ပဓာနမဟာနာယက ဆရာတော်ကြီးအနားတွင် ခိုလှုံနေစဉ်အချိန်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ထေရ်ထုပ္ပတ္တိခွေရိုက်စဉ်အချိန်တွင် ရိုက်ကူးရေးတွင် အသုံးပြုရာ ကားများနှင့် ကုန်ကျငွေများ လိုအပ်သည့်ကိစ္စရပ်များကို မင်္ဂလာတိုက်ရှိ နာယကဆရာတော်များနှင့် ဓမ္မကထိကဆရာတော်များမှ ရှာဖွေလျက်ကူညီပေးရသည်။ သို့သော် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရ်ထုပ္ပတ္တိခွေထွက်ရှိမည့် အချိန်တွင်မူ စာရေးဆရာချစ်စံဝင်းမှ ဆရာတော်ဘုရားကြီး၏ ထေရ်ထုပ္ပတ္တိ မာစတာခွေအား မူပိုင်ရလိုလျင် အမရပူရမြို့ မိုးကုတ်ဝိပဿနာမဂ္ဂင်ရိပ်သာမှ ငွေကျပ်သိန်း(၃၀)ပေးရမည်ဖြစ်ကြောင်းနှင့် ငွေကျပ်သိန်း(၃၀)မပေးက ဆရာတော်ဘုရားကြီး၏ ထေရ်ထုပ္ပတ္တိမာစတာခွေအား ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ ပိုင်ဆိုင်မှာ ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။ အထက်ပါကိစ္စကို မိုးကုတ်ဝိပဿနာမိခင် ပင်မသံဝေဇနိယဌာနပဓာနမဟာနာယက ဆရာတော်ဘုရားကြီးကြားသိသောအခါ ထိုကဲ့သို့လုပ်လျင် တရားစွဲမည်ဟု ပြောကြားရာမှသာ ဆရာတော်ဘုရားကြီး၏ ထေရ်ထုပ္ပတ္တိမာစတာခွေအား နှစ်ဖက်ပိုင်သဘောမျိုး ပေးအပ်သည်ကို သိရှိရပါသည်။ ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကို မတိုက်ခိုက်လိုပါ။ သို့သော် ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ စတင်တည်ထောင်ကြသည့်ဂေါပကကြီးများ မိမိတို့အကြောင် းမိမိတို့ သိကြမည်ဟုယုံကြည်ပါသည်။ မိုးကုတ်ဝိပဿနာ မိခင်ပင်မ သံဝေဇနိယဌာနကြီး၏ ဒုတိယမြောက်ပဓာနမဟာနာယကဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဇောတိက(လေး)၏ ဂေါပကကြီးများအားသက်ညှာပေးခဲ့သည်များကို ပြန်တွေးကြလျင် သတိရကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ငွေနှင့်ပေါက်၍ ဂုဏ်ကိုဝယ်ယူနေရန်မလိုပါ။ ဂုဏ်ဆိုတာ မိမိနှင့်ထိုက်တန်မှသာ ရသည့်အရာဖြစ်သည်။" ဟု မိုးကုတ်ဆရာတော်ကြီးနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကိစ္စကို ရေးသား ပြဆိုထားသည်။

မင်္ဂလာတိုက် သီရိနာယကကျောင်း မှ အရှင်ခေမာနန္ဒ(ရွှေဘို) က "ငွေများတရားနိုင် မျက်နှာကြီးရာဟင်းဖတ်ပါလုပ်သည့် မန္တလေးတိုင်း သာသနာရေးမှူးဦးကျော်လှိုင် ဘွဲ့တံဆိပ်ဆက်ကပ်ကြောင်းကြော်ငြာသည့် သတင်းစာများကိုလေ့လာဖတ်ရှု့၍ ယခုကဲ့သို့ မင်္ဂလာတိုက်ရှိ ရဟန်းသံဃာအား မကြွရောက်ရန် ပိတ်ပင်တားဆီးလျက် မင်္ဂလာတိုက်နှင့် မသက်ဆိုင်သည့် ရန်ကုန်မိုးကုတ်ဝိပဿနာဌာနချုပ်မှ ဆရာတော်အားတက်ရောက်စေခြင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိမရှိ ဦးကျော်လှိုင် သိလိမ့်မည်ဟုယုံကြည်ပါသည်။ ငွေကြောင့် သမိုင်းအမဲစက်အတင်မခံပါနဲ့။ မန္တလေးတိုင်း သာသနာရေးမှူးဦးကျော်လှိုင်... ယခုPostအား ရေးသားခြင်းသည် မင်္ဂလာတိုက်နာယကဆရာတော်များနှင့် လုံးဝမသက်ဆိုင်ပါ။ မင်္ဂလာတိုက်သံဃာတစ်ပါးအနေဖြင့် မလုပ်သင့်မလုပ်ထိုက်သည်ကို ပြုလုပ်သည့် မန္တလေးတိုင်းသာသနာရေးမှူး ဦးကျော်လှိုင်နှင့် ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၏ လုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်ခြင်းကြောင့်သာ ရေးသားခြင်းဖြစ်ပါသည်။ ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်အစိုးရမှ ဆက်ပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်ကို ငွေနဲ့ဝယ်ယူသွားလေသလားဟုပင် မြင်မိပါသည်။ ယခုတင်သေ ာPost၏ အဆိုးအကောင်းသည်

မိမိတစ်ပါးထဲနှင့်သာ သက်ဆိုင်ပါသည်။ မှားယွင်းသည့်လုပ်ရပ်မို့ ရဲဝံ့စွာဖြင့် ဝေဖန်ရေးသားခြင်းဖြစ်ပါသည်။ တရားစွဲလျင် ခံယူရန်အသင့်ဖြစ်ပါသည်။ အမရပူရမြို့ မင်္ဂလာတိုက် မိုးကုတ်ဆရာတော်ကြီးအားပေးအပ်သည့် "အဘိဓဇမဟာရဌဂုရု"ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းပွဲသို့ အမရပူရမြို့ မင်္ဂလာတိုက်ရှိ နာယကဆရာတော်များနှင့် ရဟန်းသံဃာများအား ကြွရောက်အလှူခံခြင်းကို ပိတ်ပင်တားဆီးလျက် ရန်ကုန်မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ ဆရာတော်တစ်ပါးအားမန္တလေးတိုင်းသာသနာရေးမှူး ဦးကျော်လှိုင်မှ ကြွရောက်အလှူခံစေခြင်းအား အမရပူရမြို့ မင်္ဂလာတိုက်နာယကဆရာတော်များမှ ကန့်ကွက်ကြောင်း မြန်မာတစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူပြည်သူအပေါင်းတို့အား သိစေအပ်ပါသည်။" ဟု ရေးသား ပြောဆိုခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သော အခြေအနေအား မင်္ဂလာတိုက်မှ ဆရာတော်တစ်ပါးက မြန်မာနေရှင်နယ်ပို့စ် အား ဆက်သွယ်မိန့်ကြားခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သို့ မေတ္တာရပ်ခံစာ တင်ပြရန်သာ ပြန်လည်လျှောက်ထားခဲ့ပြီး ဆရာတော်၏ ပြဆိုချက်အရ ထိုသို့ ပင့်လျှောက်လွှာအား ပယ်ဖျက်ခဲ့သည့်အပေါ် အမရပူရမြို့၊ မင်္ဂလာတိုက်ရှိ နာယကဆရာတော်များ က သဘောမတူကြောင်းနှင့် မူလပင့်လျှောက်ထားသည့်အတိုင်း ကြွရောက်အလှူခံမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်၍ လက်မှတ်ရေးထိုး တင်ပြခဲ့သော်လည်း တက်ရောက် ရယူခွင့် မပြုခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၊ မင်္ဂလာကျောင်းတိုက်မှ ဆရာတော်များ အနေဖြင့် ထိုသို့ ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ထပ်မံ မေတ္တာရပ်ခံ သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်ပို့စ် သို့ အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ် ပြောဆိုစဉ်က မိန့်ကြားသွားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)