MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်အကောင်အထည် ဖေါ်ဆောင်ရွက်မည့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်သမဝါယမကဏ္ဍတို့တွင်ထုတ်ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မတည်ရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊မွေးမြူရေး၊ငါးလုပ်ငန်းနှင့်သမဝါယမကဏ္ဍများကိုအောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်စိုက်ပျိုးရေးကဏ္ဍမြစိမ်းရောင်ကျေးရွာမြို့နယ် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးထွန်းစောက စီမံကိန်းစိုက်ပျိုးရေးကဏ္ဍအကြောင်းအရာများကိုလည်းကောင်း၊မွေးမြူရေးကဏ္ဍ မြစိမ်းရောင်ကျေးရွာမြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက စီမံကိန်းမွေးမြူရေးကဏ္ဍ
အကြောင်းအရာများကိုလည်းကောင်း၊သမဝါယမကဏ္ဍ မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်လွင်လွင်ရီက သမဝါယမကဏ္ဍအကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများသို့ မတည်ရန်ပုံငွေများလွဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြမည့် ပလင်ကျေးရွာနှင့်နတ်ပြင်ကျေးရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း(၆၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၂၀၀)ကိုလည်းကောင်း၊မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြမည့် ကမားဝကျေးရွာအားငွေကျပ်သိန်း(၆၀၀)နှင့်သင်္ဂဇာကျေးရွာအား ငွေကျပ်သိန်း(၄၀၀)၊စုစုပေါင်း ငွေကျပ်သိန်း(၁၀၀၀)ကိုလည်းကောင်း၊သမဝါယမကဏ္ဍတွင် ငအင်း လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအား ငွေကျပ်သိန်း(၁၆၈)ကိုလည်းကောင်း၊ငါးလုပ်ငန်း ဆောင်ရွက်မည့်ခအုန်းမော်ကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာအားငွေကျပ်သိန်း(၆၀၀)တို့ကိုလည်းကောင်း၊တာဝန်ရှိသူများကအသီးသီး လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရန်ပုံငွေဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့်ကျေးရွာများမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment