MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လည် ၁နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဉာဏ်ပညာဗဟုသုတနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်နှင့် မူးယစ်စေသည့် အရာများကို မစားသုံးမိကြစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲတို့ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment