MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ခရိုင်ရုံးဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ် နှင့် နိုင်ငံ့ဝန်ထမ်းများထမ်းဆောင်ရမည့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်”စာအုပ်ပါ ဝန်ထမ်းတစ်ဦး ချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၁၂)ပါးနှင့် ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရ မည့် ကျင့်ဝတ်(၅)ပါး အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှ ပြည်သူ့လူထုအပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(၅)ပါးအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(၈)ပါးတို့ အားလည်းကောင်း ဆွေးနွေးခဲ့ရာ ရုံးဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment