MNP ၊ မတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ၂၁-၃-၂၀၂၃ ရက်နေ့တွင် ကိုကိုးကျွန်းဒေသသို့ သွားရောက်ပြီး ပါတီရုံးခန်းမတွင် ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီအား ဝန်းရံထောက်ခံအားပေးကြသူများ အင်အား (၁၂၀)ကျော်ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ " ပါတီဝင်များသိသင့်သော နိုင်ငံရေး သမိုင်းကြောင်းများ၊ ပါတီတွင်းစည်းလုံးညီညွတ်ရေးနှင့် ပါတီ၏ စည်းရုံးရေးလုပ်ငန်းများအပြင် အခြားသောကဏ္ဍများ" ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများမှ ဒေသလိုအပ်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆောင်ရွက်နေဆဲဖြစ်သည့် ပါတီ၏ လုပ်ငန်းများအား တင်ပြကြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတို့မှ ဖြည့်စွက်ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် မိသားစုများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ် စသည့် စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးခဲ့ပြီး မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတွင် ဒေသခံများပျော်ရွှင်စွာ ဖျော်ဖြေနိုင်ရန်အတွက် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost






No comments:
Post a Comment