MNP ၊ မတ်လ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့၊ တောင်ရပ်ကွက်ရှိ မြိုနယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စားရင်းအင်းဦးစီးဌာနရုံးအား PDF အကြမ်းဖက်သမားများက ယမန်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
မြောင်မြို့၊ တောင်ရပ်ကွက်ရှိ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်း မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ထွက်ပြေးသွားကြောင်း သိရှိပါသည်။
PDF အကြမ်းဖက်သမားများ၏ မီးရှိဖျက်ဆီးမှုကြောင့် ပင်မအဆောက်အဦ ၁ လုံး၊ အဆောက်အဦအတွင်းရှိ သစ်သားစားပွဲ ၂၃ လုံး၊ သစ်သား ကုလားထိုင် ၂၁ လုံး၊ ပလတ်စတစ်ကုလားထိုင် ၁၀ လုံး၊ သစ်သားကုတင် ၂ လုံး၊ စတီးစားပွဲ ၁ စုံ၊ ကြိုးဖုန်း ၁ လုံး၊ သစ်သားဖိုင်တင်စင် ၂ စင်၊ သစ်သားဗီရိုအသေး ၁၇ လုံး၊ မိတ္တူကူးစက် ၁ လုံးတို့မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment