ပခုက္ကူမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ

 



MNP ၊ မတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက “ရှေးဦးအရွယ်က လေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား ကာယ၊ဉာဏဖွံ့ဖြိုးမှုရရှိစေရေး စနစ်တကျ သင်ကြားပို့ချပေးခြင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိမ်းအမှတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိတို့ကလေးငယ်များ၏ အခွင့်အရေးများကို နားလည်သိရှိပြီး အနာဂတ်တိုင်းပြည်၏ အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်နိုင်မည့် ကလေးများဖြစ်လာစေရန် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးစေလိုကြောင်း” အမှာစကား ပြောကြားသည်။


ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန္ဒာအောင်က အခမ်းအနားကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးသူများနှင့် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး မူလတန်းကြိုကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပညာသင်ကြား တတ်မြောက်ပြီးသော ရင်သွေးငယ်လေး(၁၀၂)ဦးတို့အား ECCD (Certificate) ဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ထို့အပြင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီက စီစဉ်ထုတ်ဝေသော “ဖန်ခါမြေ” ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များကို ကလေးသူငယ်များ၏ မိဘများထံ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)