ခရမ်းမြို့တွင်ခရမ်းမြို့တွင် အမျိုးသမီးငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံသိုးမွှေးထိုးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့တွင်ခရမ်းမြို့တွင် အမျိုးသမီးငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံသိုးမွှေးထိုးသင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသော အခြေခံသိုးမွေးထိုးသင်တန်းကို အမျိုးသမီးငယ်များအိမ်မှု ကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး အခြေခံစက်ချုပ် စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက်အခြေခံရရှိရေး မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍အခြေခံသိုးမွှေးထိုးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community  Centre)၌ ကျင်းပခဲ့ကြောင်းသိရသည်။


သင်တန်းဖွင့်ပွဲတွင် ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ခင်နှင်းဝေက အခြေခံသိုးမွှေးထိုးသင်တန်းကို  ခရမ်းမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ အခြေခံ သိုးမွှေးထိုးသင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာမ ရတီဌေးအောင်က သင်ကြားပေးမည့် သိုးမွှေးထိုးနည်းစနစ်များအား ရှင်းလင်းပြောကြားပြီးသင်ကြားပေးမည် အခြေခံသိုးမွှေးထိုးနည်း၏ နည်းစနစ်များ၊အခြေခံထိုးနည်းစနစ်များ၊ တစ်ချောင်းထိုး၊ နှစ်ချောင်းထိုးနည်းစနှစ်များ၊ အဆင့်မြင့်ထိုးနည်းစနစ်များကို နေ့စဥ် နံနက်၁၀နာရီခွဲမှ ၁၂နာရီခွဲထိ၊ သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသူများက ကြိုးကြိုးစားစားသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲသို့ ခရမ်းမြို့နယ် သင်တန်းနည်းပြ ဆရာမများနှင့်  ရပ်ကွက်များမှ သင်တန်းသူ (၁၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၂၁-၃-၂၀၂၃ မှ ၂၃-၃-၂၀၂၃ ) ရက်နေ.အထိ သင်ကြားပေးသွားမည်ဖြစ်ကာ  သိုးမွှေးထိုးနည်းစနစ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)