သုံးခွမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးလိုက်လံနိူးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးလိုက်လံနိူးဆော်


MNP ၊ မတ်  ၂၂

ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် သုံးခွမြို့နယ်နေ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ည ၇ နာရီက မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌‌ရေးလိုက်လံအသိပေးနိူးဆော်ခဲ့ကြောင်း သိရသည်။


အသိပညာပေးနှိုးဆော်ရာတွင် နေအိမ်အဆောက်အဦးများတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးနှင့်လှေကားများထားရှိရန်၊ မီးဖိုနှင့်အမိုးနံရံကြားတွင်း မီးမလောင်လွယ်သောပစ္စည်းများ ကာရံထားရန်၊ မိမိနေအိမ်ခြံ၀င်းရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ မီးလောင်လွယ်သောပစ္စည်းများ ကိုရှင်းလင်းထားရန်၊ လမ်းလျှောက်ရင်း ဆေးလိပ်သောက်ခြင်း၊ အနှေးယာဉ်၊ အမြန်ယာဉ်များပေါ်တွင် စီးနင်း၍ ဆေးလိပ်သောက်ခြင်း၊ မီးပါသောဆေးလိပ်ကို စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းမပြုလုပ်ရ၊ ဟောင်းနွမ်းချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်နှင့် လျှပ်စစ်မီးအသုံးပြုပြီးပါက ခလုတ်ပိတ်ခြင်း၊ ပလပ်ပေါက်မှဖြုတ်ခြင်းများကို အလေးထားဂရုပြုဆောင်ရွက်ရန် လောင်စာဆီများ တရားမ၀င်သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်မပြုလုပ်ရန်၊ ကလေးသူငယ်များနှင့်တိရစ္ဆာန်များအနီး မီးမထွန်းရန်နှင့် ကလေးသူငယ်များ ဆော့ကစားခြင်း ထမင်းချက်ပြုတ်ရန်ခိုင်းစေခြင်းများမပြုလုပ်ရန် လှိုက်လံအသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


ယင်းသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် မြို့နယ်မီးသတ်စခန်းမှူး ဦးပြည့်ဖြိုးဟန်နှင့် မီးသတ်တပ်ဖွဲ့၀င်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက်မြို့နယ်အတွင်း လိုက်လံအသိပေးနိူးဆော်ခဲ့ကြောင်း သိရသည်။


စည်သူလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)