ဘားအံမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မိသားစုများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ မိသားစုများအား အခြေခံစားသောက်ကုန်များ ရောင်းချပေး




MNP ၊ မတ်  ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်  အခြေခံစားသောက် ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/- နှုန်းဖြင့်လည်းကောင်း၊  မြေပဲဆီတစ်ဗူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ မိသားစုများ စားဝတ်နေရေးအဆင်ပြေစေရန်  သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment