တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်








MNP ၊ မတ်  ၉

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်ထွက်ခွာ လာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့ နံနက်၁၀နာရီကမာန်အောင်မြို့နယ်သို့ရောက်ရှိလာရာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကသောင်းသောင်းဖြဖြကြိုဆိုကြသည်။ 


       အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ရောဂါဗေဒပါရဂူ၊ပြည်သူ့ကျန်းမာရေးပါရဂူ၊ခွဲစိတ်ပါရဂူ၊အထွေထွေရောဂါကုပါရဂူ၊မျက်စိအထူးကုပါရဂူ၊သွားရောဂါအထူးကုပါရဂူ၊နား/နှာခေါင်း/လည်ချောင်းပါရဂူ၊သားဖွားမီးယပ်အထူးကု၊ကလေးအထူးကု၊အရိုးအထူးကု၊မေ့ဆေးပါရဂူ၊ဓါတ်ခွဲပါရဂူ၊ဓာတ်မှန်ပါရဂူ စသည့်အထူးကုပါရဂူ ဆရာဝန်ကြီးများအဖွဲ့သည် မာန်အောင်မြို့ နယ် ခန်းမ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)