စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ မန္တလေးငွေတောင် ပီနံအိတ်စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ မန္တလေးငွေတောင် ပီနံအိတ်စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေး


MNP ၊ မတ်  ၁၇

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ မန္တလေးငွေတောင် ပီနံအိတ်စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးက အများပြည်သူများ/ စက်ရုံဝန်ထမ်း များအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးလောင်မှု စတင်ဖြစ်ပွားပါက စိတ်ကို တည်ငြိမ်အောင်ထား၍ စတင်လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့နေ့စဉ်အသုံးပြု ဆောင်ရွက်နေကြသည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် ပစ္စည်းများကို မကြခဏ စစ်ဆေးပေးကြဖို့ ကြိုတင်ကာကွယ်ခြင်းသည် ထိရောက်မှု ရှိသည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အလေးထားပြုမူ ဆောင်ရွက်သွားကြပါလို့ အထူးဆွေးနွေး လိုကြောင်း စသည်ဖြင့် ပြောကြားပေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်း ပြသကာ စက်ရုံမှူးနှင့် စက်ရုံဝန်ထမ်းများက လက်တွေ့ မီးငြှိမ်းသတ်နည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သည့် စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးများ၊ ပြည်သူ့ဆေးရုံကြီးများနှင့် ဘုရား/ ကျောင်းကန်/ သိမ်/ ဇရပ် စသည့်နေရာများ တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)