သာကေတမြို့နယ်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး သေဆုံး



MNP ၊ မတ် ၁၇

သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်း (မီးသတ်ခရိုင်ရုံးဘေးလမ်း)တွင် ယနေ့ ၁၂ ၀၅ အချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားရာ ရဲတပ်ဖွဲ့ဝင် ၂ဦး သေဆုံးပြီး ၁ဦး စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သာကေတနယ်မြေရဲစခန်းမှ လ ၁၇၅၆၅၆ ရဲတပ်ကြပ် စောလေးဖော (အို)၊ လ ၁၄၇၄၆၄ ရဲတပ်ကြပ် စိုးဝင်းနိုင် (အို)တို့သည် အရပ်ဝတ်ဖြင့် အောင်ထက် (၂၁)နှစ်၊ (ဘ)ဦးနေလင်းအောင် နှင့်အတူ အောင်ထက် အား ရဲတပ်သားသစ်စာရင်းရေးသွင်းနိုင်ရန် အတွက် ဧရာဝဏ်လမ်း (မီးသတ်ခရိုင်ရုံးဘေးလမ်း)ရှိ ဝင်း ကွန်ပျူတာနှင့်မိတ္တူဆိုင်တွင် လိုအပ်သည့်စာရွက်စာတမ်းများ မိတ္တူဆွဲခြင်း၊ ကွန်ပျူတာစာစီခြင်းများပြုလုပ်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူ ၂ ဦး(စိစစ်ဆဲ)မှ ဆိုင်အဝင်ဝမှနေ၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ကြပ် စောလေးဖော၌ ဦးခေါင်းထိမှန်ဒဏ်ရာ (သေဆုံး)၊ ရဲတပ်ကြပ် စိုးဝင်းနိုင် ၌ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ အောင်ထက် ၌ ဦးခေါင်းထိမှန်ဒဏ်ရာ(သေဆုံး) အသီးသီးထိမှန်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်သွားသည့် နေရာမှ 9MM Luger ကျည်ခွံနှင့် Thai Arms ကျည်ခွံ (၁၂)ခုတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ရဲတပ်ကြပ် စောလေးဖော၊ အောင်ထက်နှင့် ဒဏ်ရာရရှိသူ ရဲတပ်ကြပ် စိုးဝင်းနိုင် တို့အား ဆရက(၁/၁၀၀၀)သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)