မာန်အောင်မြို့တွင် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်‌တော်ရ ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ပြုကြိုဆို








MNP ၊ မတ်  ၈

နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်အား ယူဆောင်၍ စစ်တွေမြို့မှ ပြန်လည် ကြွချီ‌တော်မူလာသော မာန်အောင်မြို့  မြို့မကျောင်းကြီးမှ ဘဒ္ဒန္တတိက္ခဉာဏအားဂုဏ်ပြုကြိုဆိုပွဲကို မြို့မသင်္ဘောဆိပ်ကမ်း၌ ယနေ့နံနက်၈နာရီအချိန်က ပြုလုပ်ခဲ့သည်။


        အဆိုပါဂုဏ်ပြုကြိုဆိုရာသို့ သံဃာတော်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့မကျောင်းကြီးဒါယကာ၊ဒါယိကာမများ၊ပြည်သူများက သင်္ဘောဆိပ်ကမ်းမှ ဂုဏ်ပြုကြိုဆို ကြပြီး အများပြည်သူ ကြည်ညိုစေရန်သင်္ဘောဆိပ်ကမ်းမှဦးဥတ္တမလမ်း၊ရုံးတက်လမ်းအတိုင်းလှည့်လည် ကြည်ညိုအပူဇော်ခံကာ မြို့မကျောင်းကြီးသို့ ပင့်ဆောင်၍ ဘဒ္ဒန္တတိက္ခဉာဏအား ဂုဏ်ယူဝမ်းမြောက်စွာ ပူဇော်ကြပြီး သြဝါဒခံယူခဲ့ကြသည်။


       ဘဒ္ဒန္တတိက္ခဉာဏသည် မာန်အောင်မြို့နယ် ကုန်းတန်းကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒ၊မြို့မ ကျောင်းကြီးစာသင်တိုက်ဆရာတော်ဘဒ္ဒန္တဣဿရိယ၊ပဲခူးမြို့သာသနာ့မဏ္ဍိုင်ကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရ စသည့်ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူခဲ့၍ ပထမကြီးတန်း၊သာသနဓဇဓမ္မာစရိယဘွဲ့၊ဝိနယဝိဒူဘွဲ့တို့ကို ရရှိခဲ့ပြီး ယခုအခါသံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော်အဖြစ်သာသနာ့ တာဝန်များကိုထမ်းဆောင်လျက်ရှိရာ ၂၀၂၃-ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသော ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်မြတ်ကိုအလှူခံရရှိတော်မူခြင်းဖြစ်သည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)