ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီးရှိ တရားမဝင် ရွှေမျှောဖောင်များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီးရှိ တရားမဝင် ရွှေမျှောဖောင်များ သိမ်းဆည်းရမိ



MNP ၊ မတ် ၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီးရှိ တရားမဝင် ရွှေမျှောဖောင်များအား ယမန်နေ့ နံနက်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားမဝင် ရွှေမျှောဖောင်များ မရှိစေရေးအတွက် စိစစ်ဆောင်ရွက်ခဲ့ရာ ၎င်းကျေးရွာအနီးတွင် တရားမဝင်ရွှေမျှော ၅၀ ဖောင်နှင့် HITACHI အမျိုးအစား ဘက်ဟိုးယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၊ သဖမ်းဆိပ်ဆည်အတွင်းတွင် တရားမဝင်ရွှေမျောများ လုပ်ကိုင်လျက်ရှိပြီး KIA/PDF အကြမ်းဖက်အဖွဲ့များက ဆက်ကြေးကောက်ရယူနေသဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဒေသခံများက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုထားသည်။

တရားမဝင် ရွှေမျောများကြောင့် သဖမ်းဆိပ်ဆည်ကြီးမှာလည်း ပျက်စီးယိုယွင်းလာပြီး KIA/ PDF အကြမ်းဖက်သမားများက ဆည်မြောင်းရုံးမှ ကားများကို ဓားပြတိုက် ရယူသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)