သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲစတင်ဖြေဆို



MNP ၊ မတ်  ၈              

        ၂၀၂၂ -၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင် သံတွဲ​မြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်း သား၊ ကျောင်းသူ များ တည်ငြိမ်အေး ချမ်းစွာ စာမေးပွဲစတင်ဖြေဆိုလျက်ရှိပါသည်။


          ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ် သည့်  အထက(၁)၊ အထက(ငပလီ) ၊ အထက -ရွှေလှေ၊ အထက -ကင်းမော်၊အထက-ကျောက်ကြီး စာစစ်ဌာန (၅)ခုတွင် ဖြေဆိုမည့်သူ (၈၆၂) ဦးရှိပြီး ၈၉% ဖြေဆိုကြကြောင်းသိရသည်။


         အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  ၁၈ ရက်နေ့အထိ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေး နှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများအဆင် ပြေစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးချစ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန် နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ က စာစစ်ဌာနအ သီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)