မင်းလှမြို့နယ်၌ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးထောက်ပံ့ငွေများပေးအပ်


MNP   -   မတ် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စုရှိ သက်ကယ်ကျင်းကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာတို့တွင် လေပြင်း‌‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် လူနေအိမ် (၁၀၀)လုံးအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်းခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်နီလာဦးက လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ထောက်ပံငွေပေးရခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။  


ထို့နောက်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သက်ကယ်ကျင်းကျေးရွာရှိလူ‌နေ နေအိမ်(၅၀)လုံး၊ ညောင်ပင်ကျင်းကျေးရွာမှ လူနေအိမ်(၅၀)လုံးတို့အား လေပြင်းဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လူနေအိမ်(၁)လုံးလျှင်‌ ထောက်ပံ့ငွေ(၄၅၀၀ဝိ/)နှုန်းဖြင့် လူနေအိမ် (၁၀၀)လုံးအတွက် ထောက်ပံ့ငွေကျပ်(၄၅၀၀၀၀ဝိ/)အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က မလွန်ကျေးရွာအုပ်ချုပ်‌ရေးမှူးထံ ထောက်ပံ့ပေးခဲ့သည်။ ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများအဖွဲ့သည် သက်ကယ်ကျင်းနှင့် ညောင်ပင်ကျင်းကျေးရွာများမှ လူနေအိမ်‌(၁၀၀)လုံး၏ အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။    


ဇာဇာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)